Saturday, August 11, 2007

စုန်းကိုက်ခံရတဲ့သစ်သီး (တာရာမင်းဝေ)

ကျွန်တော်သည် ဘာမှမရှိသောအိုးတစ်လုံးဖြစ်ချင်ပါသည်။ အထဲမှာ ဘာမှမထည့်ထားချင်ပါ။ထိုသို့ဖြင့် အများကြီးရှိနေချင်ပါတော့သည်။

ကျွန်တော်သည် ရေလို စီးခဲ့ပါသည်။ အကွေ့အကောက်များစွာဖြတ်သန်းခဲ့ပါသည်။ သို့သော်လည်း..........
ကျွန်တော့်ကျောပေါ်တွင် အမှိုက်သရိုက်တချို့ လည်း.... ပါလာနိုင်ပါသည်။

ခွက်လွတ်တစ်လုံး ကို ကျွန်တော် ကြည့်သည်။အထဲမှာဘာမှ မရှိသောကြောင့် သူခွက်လွတ် ဖြစ်နေသည်။
ထိုဘာမှမရှိသောနေရာကပင်အသုံးဝင်လှသည်။ကျွန်တော်လည်း"ဘာမှမရှိသောနေရာ"ဖြစ်သည်။
ဘယ်ခွက်ထဲသို့ဝင်ရမည်နည်း။

ကျွန်တော်ဘာကိုမှ ဆုပ်ကိုင်မထားပါ။လက်ချောင်းတွေ ဒီအတိုင်းရှိပါသည်။ လက်ချောင်းအချင်းချင်း လည်းဆုပ်
ကိုင်မထားပါ။ လက်ချောင်းတွေဒီအတိုင်းရှိနေပါသည်။

ကျွန်တော်သည် ပညာရှင်ကြီးမဖြစ် ချင်ပါ။ အလွမ်းတွေထဲမှာ ပညာနှင့် ယှဉ်၍ဖြစ်ပေါ်လာ သော အလွမ်းသည်
အဆိုးဝါးဆုံး ဖြစ်ပါသည်။

ခြေဖျားထောက် ပြီးကျွန်တော် လမ်းလျှောက်ဖူးပါ သည်။ သတိနှင့် ထိန်း လျှောက်ခြင်းဖြစ်၍ မလဲပါ။ သို့သော်
သတိထားရခြင်းက ပင်ပန်းပါသည်။ထိန်း လျှောက်ရခြင်း ကြောင့်လည်း ညောင်းပါသည်။

ကျွန်တော် တိုးတိုးလေးနေချင်ပါသည်။ ကျယ်လောင်မှုကို မနှစ်သက်ပါ။ "တိုးတိုး" လေး "အော်" တတ် သူများ
ကိုလည်းတွေ့ဖူးပါသည်။သူတို့ ကို လဲ မနှစ်သက်ပါ။

အချို့လူများ သည် ကြိုးနှင့်ချည်နှောင်တတ်၏။ အချို့သူများက ကြိုးမပါဘဲ ချည်နှောင်တတ်သည်။
ကျွန်တောခံခဲ့ရဖူးသည်။

လိုအပ်လျှင်တော့ တိုက်ပွဲဝင်မည်။ သို့သော် မလိုအပ်အောင်ကြိုးစားမည်။

ကျွန်တော် သည် ကျောက်စိမ်း လို တစ်ချွင်ချွင်မြည် သူမဟုတ်။ ကျောက်ခဲလို တစ်ဝှီးဝှီး လှိမ့် ချင်သည်။
လမ်းဖယ်ပေးကြစေလိုသည်။

ကျွန်တော်မက်ခဲ့ဖူးသော အိမ်မက် တို့ များလှပြီ။ လူငယ်တစ်ယောက်အတွက် လုံလောက်ပါပြီ။ တော်ပါပြီ။
ကျွန်တော်ပြော သော်လည်း သူတို့မကြားကြ။ အိမ်မက်များစွာ လာမြဲလာသည်။

လိုချင်သောအခါ ကောက်ယူရ၏။ မလိုချင်တော့သောအခါ ပြန် လွှင့်ပစ်ရ၏။ အစကတည်းက မယူခဲ့လျှင်
အကောင်းသား။ ခုတော့ "အား" နှစ်ခါကုန်ရသည်။

ကျွန်တော့်ကို ဘယ်သူချည်နှေင်ခဲ့ သည် မသိ။ ဘယ် တုန်းက ချည်နှောင်ခဲ့ သည် မသိ။ ကျွန်တော့်မှာ ဖြည်လိုက် ရတာ။

အောင်မြင်ကြပါစေ။ သို့သော် အောင်မြင် ခြင်း သည် ငြိမ်းချမ်းခြင်း မဟုတ်။ ခွင့်လွှတ် ခြင်းကသာ ငြိမ်းချမ်းခြင်း
ဖြစ်သည်။ အဖော်မပါလည်း တစ် ယောက်ထဲရပ်တည်မည်။ ခွင့်လွှတ်ခြင်း ဖြင့် ငြိမ်းချမ်းမည်။

သူဋ္ဌေးကြီး လက် ထဲမှပြား စေ့သည်လည်း သူတောင်းစား လက်ထဲမှ ပြားစေ့ နှင် တန်ဖိုးညီသည်။

ဘ၀မှာ လေပြေ ကိုချည်း မျှော်လင့်စရာမလို ။ မုန်တိုင်းမှာလဲ အောက်ဆီဂျင်ပါလေသည်။

နိုးနိုးကြားကြားတော့ မအိပ်ချင်ပါ။ အိပ်မည့်အိပ်ပျော်အောင်ပဲအိပ် ပါ တော့မည်။

(တာရာမင်းဝေ)

Thursday, August 09, 2007

ကြယ်ကြွေသတို့သား




အကိုရယ်
နှမြောတယ် ...... ။
သေမင်းကအကောင်းကြိုက်လွန်းတော့
အလွမ်းကိုရွက်ကုန်လွင့်ထားရပြီပေါ့ ...... ။

poohatgyi@gmail.com




Tuesday, July 31, 2007

ငယ်အိမ်မက်၏လက်တွေ့ ဆန်ခြင်း

(၁)

ကျွန်တော်မူလတန်းကျောင်းသား လောက်ကပေါ့။ ငယ်အိမ်မက်တစ်ခု ရှိတယ်။ အဲ့ဒါ ..... တိုက်လေယာဉ်မှူးတဲ့။ ကျွန်တော်ရဲ့ ငယ်ဘ၀ဟာ လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာခဲ့ရတော့ ကျွန်တော်ဟာ စစ်ဘက်အရာရှိတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူရဲကောင်းဝါဒဆိုတဲ့ herolism ကို ကလေးငယ်တစ်ယောက်ပီပီ ယုံကြည်ကိုးစားခဲ့မိပါတယ်။ ကျွန်တော်ကြည့်ခဲ့တဲ့ဇာတ်ကားတွေကကို သူရဲကောင်းဝါဒကို သူရဲကောင်းဝါဒကို အသားပေးတဲ့ ဇာတ်ကားတွေပါပဲ။ ဥပမာ - Spiderman၊ Superman စတာတွေပေါ့။ အင်း ...... ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ တိုက်လေယာဉ်မှူးဆိုတာ တကယ်တော့သူရဲကောင်းဝါဒ နဲ့ မွေ့ လျော်သူတွေလို့ ထင်ခဲ့တယ်။
Do or Die, Dead or Alive
အခုအချိန်မှာတော့ ....... ကျွန်တော်ဟာတိုက်လေယာဉ်မှူး တဦးဖြစ်မလာခဲ့ပါဘူး။ အဓိကအချက်က ကျွန်တော့်အဖေကြောင့်ပဲ။ သူဟာ သူ့ ဘ၀တစ်ခုလုံးကို လက်နက်ကိုင်အဖွဲ့ အစည်းထဲမှာ နှစ်မြုပ်ရင်း နစ်မြုပ်နေခဲ့ရသူပါ။ ကျွန်တော့် အတွေးအခေါ်အရတော့ တိုက်လေယာဉ်မှူးမဖြစ်ချင်နေပါစေ ....... လူ့ ကျွန်တော့မဖြစ်ချင်ဘူးဗျာ။
ဒါကိုစဉ်းစားမိတိုင်း တွေးမိတာတစ်ခုရှိတယ်ဗျ။
ကျွန်တော်တို့ တိုင်းပြည်မှာ Herolism ပုံစံနဲ့ ဘ၀ကိုရပ်တည်၊ အာဏာကိုဆုပ်ကိုင်ထားလိုတွေ ရှိတယ်။ အခုလို Post Modern ခောတ်ကြီးထဲက နည်းပညာပေါက်ကွဲနေတဲ့ကာလမှာ Herolism ဟာ ကျွန်တော်တို့ လူ့ အဖွဲ့ အစည်းတစ်ခုလုံးအတွက် အသုံးကျစေပါတော့မလား ........ ?။
ကျွန်တော်ကတော့ Herolism ဆိုတာ ကြည်ကောင်းရုံဖန်တီးထားတဲ့ ရုပ်ရှင်ကားတွေမှာပဲ ရှိတော့လို့ ထင်တယ်။ ခင်ဗျားကာ ...... ဘယ်လိုထင်သလဲ ....... ?။

(၂)
ကျွန်တော် အလယ်တန်ကျောင်းသားလောက်ကပေါ့။ ငယ်အိပ်မက်တစ်ခုရှိတယ်။ YIT ဆိုတဲ့ကျောင်းကြီးမှာ အင်ဂျင်နီယာကျောင်သား တစ်ယောက်အနေနဲ့ တက်ရောက်ပညာသင်ကြားချင်ခဲ့တယ်။ အထူးသဖြင့် ဓါတုအင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ကျွန်တော် ကံဆိုးခဲ့ပါတယ်။ တကယ်ကို ...... ကံဆိုးခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း ကျွန်တော်အမှတ်ကောင်းခဲ့ပေမဲ့၊ ဓါတုအင်ဂျင်နီယာတစ်ယောက် ဖြစ်ခွင့်ရခဲ့ပေမဲ့ အတက်မက်ဆုံးဖြစ်တဲ့ YIT ကျောင်းသားတစ်ယောက်အဖြစ် မရဲရင့်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့  ........ GTC ဆိုတဲ့သီဟိုတောထဲက တစ်တပ်ကျောင်းဆောင်လေးတွေမှာ ၁နှစ်ခွဲလောက်ကို အချိန်ကုန်စေခဲ့ပါတယ်။ အင်း ..... အဲ့ဒီတုန်းကကျောင်းမတက်ခဲ့တာက ဆရာ၊ဆရာမတွေကြား တပည့်လုကြရင်း (ရိုင်းရိုင်းပြောရရင် "စာခွက်လုကြရင်း") ကျွန်တော်တို့  ကြားညပ်နေခဲ့လို့ပါ။ ဒီလိုနဲ့  .... ဒုတိယနှစ်အပြီး တတိယနှစ်မတက်ခင်မှာ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ ဓါတုအင်ဂျင်နီယာ ဘ၀ကို ရာသက်ပန်စွန့် လွတ်ခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ ...... ပညာတတ်လူငယ်ယောင်ဆောင်ပြီး ကိုယ့်ကိုကိုယ် မလိမ်ချင်လို့ ပါဗျာ။

ဒါကိုစဉ်စားမိတိုင်းတွေးမိတာတစ်ခုရှိတယ် .......။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ တက္ကသိုလ်ကြီတွေမှာ နေ့ စဉ်နေ့ တိုင်းလိုလို ဘွဲ့ ဝတ်ရုံတစ်ကားကားနှင့် လူတွေကိုတွေ့ နေကြရပါတယ်။ သူတို့ကိုမြင်တိုင်း ကျွန်တော်ပျော်တယ်။ ဒါပေမဲ့ဗျာ ....... ကျွန်တော်တို့ တိုင်းပြည်အတွက် ဒေါင်ဒေါင်မြည် ပညာတတ်လူငယ်တွေလားဆိုတဲ့ မေးခွန်းကိုတော့ ကျုပ်မဖြေချင်ဘူးဗျာ။ ဘာလို့ လဲတော့ ကျွန်တော်ကိုတိုင် GTC မှာ B.Tech အထိတက်ရောက်နိုင်ခဲ့တာက "အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ ကို အကြောင်းပြုပြီးသကာလ" တက်ရောက်နိုင်ခဲ့လို့ ပါပဲ။ ခင်ဗျားတို့ ကော ကျုပ်မဖြေချင်တဲ့ မေးခွန်းကို ဖြေချင်ကြပါသလား?.........။

(၃)

အင်ဂျင်နီယာကောလိပ် ကျောင်းသားတစ်တစ်ယောက်အဖြစ် ကျွန်တော် ဟန်ဆောင်နေတုန်းကပေါ့။ ငယ်အိမ်မက် တစ်ခုရှိတယ်။ "ရင်နင်အောင်မွေး" ဆိုတဲ့ ၀တ္တုဖတ်ပြီးချိန်လောက်ပေါ့။ လူအဖွဲ့ အစည်းကို လွတ်လပ်စွာ အထောက်အပံ့ ပေးနိုင်သူတွေကို လေးစားတယ်။ ဂုဏ်သိက္ခာရှိတဲ့သူတွေကို လေးစားတယ်။ သူတို့ လိုဖြစ်ချင်တယ်။ ကျွန်တော် လူချမ်သာတစ်ယောက် မဖြစ်ချင်ပါဘူး။ ကျွန်တော့်အတွက် တင့်တောင်းတင့်တယ် စားလောက်ရုံငွေကြေး ရှိရင်လုံလောက်ပါတယ်။ ဒါပေမဲ့ဗျာ ကျုပ်လုပ်ချင်တဲ့အလုပ်ရဲ့ဝင်ငွေဟာ ကျွန်တော့်အတွက်လက်တွေ့  မဆန်နိုင်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ အနိမ့်ဆုံးလိုအပ်ချက်ကိုတောင် ကျွန်တော်တပ်မက်ခဲ့တဲ့ အလုပ်က အာမခံချက်မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော် တကယ်တပ်မက်ခဲ့တဲ့ နောက်ဆုံးအိမ်မက်က "တက္ကသိုလ်ဆရာ" တစ်ယောက်တဲ့။ ကျွန်တော့ရဲ့ နောက်ဆုံအိမ်မက်အတွက် ဘာကိုမှ ခင်ဗျားတို့ ကို မမေးချင်တော့ပါ။

(၄)
ကျွန်တော့်ရဲ့ ငယ်အိမ်မက် (၃)ခုလုံးကို ပြန်စဉ်းစားကြည့်တော့ အတွေးတချို့ ထပ်ရလာခဲ့ပါတယ်။

ခိုင်မာတဲ့ရည်ရွယ်ချက်ဆိုတာ ဘာလဲ?.........။

ကျုပ်ကတော့ဗျာ ........... အဲ့ဒီရည်ရွယ်ချက်ဆိုတာထက် အဲ့ဒီ ရည်ရွယ်ချက်ကိုချဉ်းကပ်တဲ့ မူဝါဒကိုသာ အလေးပေးချင်တယ်။
အနီးစပ်ဆုံးပြောရရင် .......... ကျွန်ုပ်တို့ ၏ ချစ်လှစွာသော မြန်မာပြည်ကြီးပေါ့။ အရှေ့တောင်အာရှမှာတောင် တဖြည်းဖြည်းနိမ်ပါးလာခဲ့တာ ရည်ရွယ်ချက်မကောင်လို့ လား?၊ မူဝါဒတွေမှားနေလို့ လား ?။
ကျုပ်ကတော့ မူဝါဒလို့ ပိုထင်ပါတယ်။
အင်း ..... အခုတော့ ...... ဘ၀အတွက် ခိုင်မာတဲ့မူဝါဒမရှိခဲ့တဲ့ ကျွန်တော်ဟာ ပျံကျ ITသမားတစ်ယောက်အဖြစ် ပေပေတေတေ နေသားကျနေခဲ့ပါပြီ။
ကျွန်ုပ်တို့ ချစ်တဲ့ မြန်မာပြည်ကြီကိုတော့ ပျံကျတိုင်းပြည်တစ်ခုအဖြစ် မပေတေစေချင်ပါဘူးဗျာ .........။

poohatgyi@gmail.com
02:03 AM
30th, July, 2007