Sunday, May 01, 2011

ခင်ဗျားက Start-up တစ်ခုရဲ Founder တစ်ယောက်ဆိုပါစို့………

၁)လူတွေက ခင်ဗျားရဲ စိတ်ကူအကြံအစည်တွေကို ကူချမယ်လို့ ဘယ်တော့မှ မထင်ပါနဲ့။ သူတို့ဟာ ခင်ဗျားကို အကျိုးပြုမယ့်သူတွေ ဖြစ်နေနိုင်ပါတယ်။

၂) လုပ်ငန်းက အောင်မြင်လာတော့မယ်လို့ ထင်နေရုံနဲ့ လူတွေ ခေါ်မခန့်ပါနဲ့။ ခင်ဗျားမနိုင်မနင်းဖြစ်လာတော့မယ့် အခြေအနေမှာမှ လိုသလောက်ခေါ်ယူပါ။

၃) လူခေါ်တဲ့နေရာမှာ ခင်ဗျားတို့ကျွန်တော်တို့မှားတတ်တာက ကိုယ်နဲ့တူတဲ့သူတွေကို ခေါ်တတ်ကြတာပဲ။ မတူတဲ့သူတွေခေါ်ပါ။ ခင်ဗျား IT ကျွမ်းကျင်ရင် ခင်ဗျား ထပ်ဖြည့်တဲ့သူဟာ တစ်ခြား Professional တစ်ခုခုကျွမ်းကျင်နေတဲ့သူ ဖြစ်ပါစေ။

၎) ၀န်ထမ်းတွေရှိလာပြီဆိုရင် စံနမူနာပြအနေနဲ့ ခင်ဗျားကိုယ်တိုင် ကြိုးကြိုးစားစားနဲ့ ရိုးရိုးသားသား လုပ်ပါ။ သူတို့လဲ ခင်ဗျားလို လိုက်လုပ်လာကြပါလိမ့်မယ်။

၅) လူခေါ်ခန့်ဖို့ အချိန်ရောက်ပြီဆိုရင် အကောင်းဆုံးလူကိုပဲ တန်ရာတန်ကြေးပေပြီး ခန့်ပါ။ ပေါပေါပဲပဲတွေက ခင်ဗျားအလုပ်ကို ပေါပေါပဲပဲ လုပ်ကြပါလိမ့်မယ်။

၆) အာရုံစိုက်ပါ။ အာရုံစိုက်ပါ။ အာရုံစိုက်ပါ။ ခင်ဗျားမှာ အရမ်းကောင်းတဲ့ သူဌေးဖြစ်ရေး စီမံကိန်းတွေရှိမှာပါ။ ဒါပေမဲ့ လက်ရှိ Business Project ကိုပဲ အာရုံစိုက်ပြီး အောင်မြင်အောင် အရင် လုပ်ပါ။ လောဘမကြီးပါနဲ့။

၇) Business Project တစ်ခုအတွက် အနည်းဆုံ Business Model သုံးခုလောက် ဆွဲထားပါ။ တစ်ခုနဲ့ အလုပ်မဖြစ်တာနဲ့ နောက်တစ်ခုကို ချက်ချင်းစနိုင်အောင် ပြင်ဆင်ထားပါ။ Tempo မကျပါစေနဲ့။

၈) လုပ်ငန်းမစခင်မှာ ခင်ဗျားလုပ်ငန်းအတွက် Market Demand ဘယ်လောက်ရှိမလဲ၊ ဘယ်မှာရှိမလဲ ဆိုတာ တိတိကျကျ သိအောင်လုပ်ထားပါ။ ဒါမှ Advertising အတွက် အကုန်အကျ သက်သက်သာသာနဲ့ အလုပ်ဖြစ်မှာပါ။

၉) ခင်ဗျား ရဲ့ Potential Customer တွေက ခင်ဗျားရဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုက သူတို့ငွေပေးဝယ်ဖို့အတွက် ဘယ်လောက် အသုံးဝင်ကြောင်း အဖိုးတန်ကြောင်း သိနေအောင် ဆောင်ရွက်ပါ။

၁၀) ဘယ်လိုအကြောင်းအရာမျိုးမှာပဲဖြစ်ဖြစ် စီပွားရေးဂုဏ်သိက္ခာကို ထိမ်းပါ။ ကတိတည်ပါ။ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုဆိုတာ စီးပွားရေးလောကမှာ ၂ ခါပြန် မရနိုင်ပါဘူး။

၁၁) Customer တွေနဲ့ နီးနီးကပ်ကပ်နေပြီ သူတို့စကားတွေကို အမြဲ နားထောင်ပါ။ ခင်ဗျားပြစ်မှတ်ထားတဲ့ customer တွေ ရဲ့လိုအပ်ချက်ကို နာလည်နိုင်အောင် အမြဲကြိုးစားပါ။

၁၂) ကိုယ့်ကိုကိုယ်ရိုးသားပါ။ ခင်ဗျားတို့ကျွန်တော်တို့လိုလူငယ်တွေက ခေါင်းမာတတ်ကြတယ်။ ဒါပေမဲ့ ခင်ဗျားလုပ်ငန်းအတွက် အမှန်တစ်ကယ် အကျိုးရှိမယ့် အကြံဥာဏ်မျိုး သူတစ်ပါးက လာပေးရင် သေသေချာချာနားထောင်ပါ ပြီးရင် ပြီးရင် အကောင်အထည်ဖေါ်ဖို့ မရှက်ပါနဲ့။

၁၃) မိမိဝန်ထမ်းများနှင့် ငွေကြေးရင်နှီးမြုပ်နံသူများကို မိမိတို့ လုပ်ငန်း၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီး ပွင်းလင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ထားပါ။ အထူးသဖြင့် သတင်းဆိုးများကို ဖုံးကွယ်မထားပါနဲ့။ မှာယွင်တဲ့ မူဝါဒတွေ လျော့နဲအောင် မိမိလုပ်ဖေါ်ကိုင်ဖက်တွေနဲ့ Open Discussion လေးတွေပုံမှန် ဆောင်ရွက်ပါ။

၁၄) ၀န်ထမ်းတွေကို ထိုက်သင့်သည့်အချိန်တွင် ငွေကြေးအားဖြင့်ဆုများ ပေးရန် မတွန့်တိုပါနဲ့။ ထိုနည်းတူစွာပဲ ကိုယ်အဖွဲ့အစည်းထဲမှာ ထူချွန်သူတွေကို ဆုပေးမှုတွေနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အခြားအစီအစဉ်တွေ လုပ်ပေးတာတွေကို မပျက်မကွက်ဆောင်ရွက်သင့်ပါတယ်။ ဒီလိုမျိုး ယဉ်ကျေးမှုလေးတွေ ဆောင်ရွက်ထားခဲ့ရင် မမျှော်လင့်ပဲ ခင်ဗျားလုပ်ငန်း အခက်အခဲဆုံး အခြေအနေတစ်ရပ်ကြုံတွေ့လာခဲ့ရင် ခင်ဗျားနဲ့အတူတူ ဖြတ်ကျော်ဖို့ ကြိုးစားသူတွေ ဖြစ်လာမှာပါ။

၁၄) ဈေးကွက်အတွင်းမှာ ခင်ဗျားပြိုင်ဖက်လုပ်ငန်တွေကို အလျှော့မပေးစတမ်း ယှဉ်ပြိုင်တိုက်ခိုက်ပါ။ သို့သော် သူတို့အပေါ် ရိုးသားပါ။

၁၅) တစ်ခါတစ်ရံမှာ ခင်ဗျားကိုယ်တိုင် ခင်ဗျားရဲ့ ထုတ်ကုန်တွေကို သုံးစွဲကြည့်ပါ။ ပိုမို တိုးတက်ကောင်မွန်အောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်း တစ်ခုခု တွေ့မှာပါ။

၁၆) ခင်ဗျားရဲ့ စီပွားရေးစီမံခန့်ခွဲမှုတွေ၊ အုပ်ချုပ်မှုတွေကို ပြန်လှန်သုံးသပ်တဲ့အကျင့် လုပ်ပါ။ လက်ရှိအခြေအနေအပေါ် သာယာမနေပါနဲ့။ ပိုမိုကောင်းမွန်မယ့် နည်လမ်းကို အမြဲရှာနေပါ။

၁၇) ခင်ဗျား စီပွားရေးလုပ်ငန်းတွေ အောင်မြင်လာပြီဆိုရင် ခင်ဗျားရဲ့ ၀န်ထမ်းတွေကို ခင်ဗျားတာဝန်တချို့ကို ခွဲဝေပေးလိုက်ပါ။ ဒါမှ ခင်ဗျားလုပ်ငန် အမှန်တစ်ကယ် ကြီးထွားလာမှာဖြစ်ပြီး ခင်ဗျားအတွက်လဲ အသစ် အသစ်တွေကို ထပ်လုပ်သွားနိုင်မှာပါ။

(ဒီရက်ပိုင်း ဖတ်ဖြစ်နေတဲ့ စာကို ချရေးထားတာပါ)